International News

ရှန်ဟိုင်းဒေသအား ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအချက်အချာကျသည့် ဒေသအဖြစ် ဆောင်ရွက်ရန် ကြေညာခြင်း

Last Updated:

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ တင်းမာမှု အရှိန်မြင့်တက်လာသောကြောင့် ဟောင်ကောင်ဒေသအပေါ် မသေချာမရေရာမှုများ ဖြစ်လာမှု များနှင့် ဟောင်ကောင်ဒေသအမျိုးသား လုံခြုံရေးဥပဒေကြောင့်လည်း ရှန်ဟိုင်းဒေသအား နိုင်ငံတကာငွေကြေးစင်တာအဖြစ် ဖွံ့ဖြိုးတိုး တက်ရန် ဆောင်ရွက်လာကြောင်း၊ ရေရှည်မျှော်မှန်းချက် အနေဖြင့် နယူးယောက်၊ လန်ဒန်နှင့် ဟောင်ကောင်‌ဒေသတို့ကဲ့သို့ ကြီးမားသည့် ငွေကြေးစင်တာ အဖြစ် ရှန်ဟိုင်းဒေသကို ထူထောင်မည်ဖြစ်ကြောင်း၊ ရှန်ဟိုင်းအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ တရုတ်ယွမ်ငွေ စီမံခန့်ခွဲမှုကို ဦးစားပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အနာဂတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်တွင်းဈေးကွက်ကို အဓိကထား ဆောင်ရွက်လျင် ၎င်း၏ ငွေကြေးခွဲဝေသုံးစွဲမှု စွမ်းရည်ကို မြှင့်တင်ရန်လိုအပ်ကြောင်း၊ တရုတ်ယွမ်ငွေအား နိုင်ငံတကာအသုံးပြုရန် ဆောင်ရွက်သည့်အခြေအနေမှာ တင်းမာလျက်ရှိပြီး ပြောင်းလဲမှုအများအပြားလည်းရှိလာကြောင်း၊ အမေရိကန်ဒေါ်လာ၏ လက်ဝါးကြီးအုပ်ထားမှုမှာ အနာဂတ်တွင်လည်း ဆက်လက်ခိုင်မာနေမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် လည်း ပေကျင်းနှင့် ဝါရှင်တန်တို့အကြား တင်းမာမှုမှာ ပိုမိုကြီးထွားလာကြောင်း၊ ငွေကြေးကဏ္ဍ တွင် မတည်ငြိမ်မှုများဖြစ်နိုင်ကြောင်း၊ ရှန်ဟိုင်းအနေဖြင့် ပြည်တွင်းစီးပွားရေးလည်ပတ်မှုအပေါ် အခြေခံပြီးခေတ်သစ်စက်မှုလုပ်ငန်းများနှင့် ငွေကြေးကဏ္ဍအကြား ပိုမိုကောင်းမွန်သည့် တုံ့ပြန်မှုများ လုပ်ဆောင်ရန်အရေးတစ်ကြီးလိုအပ်ကြောင်း၊ တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ တီထွင် ဆန်းသစ်မှုများနှင့် နိုင်ငံတကာယှဉ်ပြိုင်မှုများ မြှင့်တင်နိုင်ရန်အတွက် တောင့်တင်းခိုင်မာသည့် ငွေကြေးဈေးကွက် လိုအပ်လျက်ရှိကြောင်း၊ တရုတ် ယွမ်ငွေအား နိုင်ငံတကာငွေကြေးအဖြစ် အသုံးပြုနိုင်ရန်မှာ ကမ္ဘာ့ငွေကြေးစနစ်တွင် အမေရိကန်ဒေါ်လာ လွှမ်းမိုးမှုနှင့် ဗိုလ်ကျစိုးမိုး နေမှုများအား ဖျက်စီးနိုင်ရန်မှာအရေးကြီးသည့် အချက်ဖြစ်ကြောင်း၊ Yun Internationalization Index မှာ ၂၀၁၉ ခုနှစ်က (၁၃) ရာခိုင်နှုန်းရှိပြီး (၃.၀၃) မြင့်တက်ခဲ့ရာမှ ယခုနှစ် ၂၀၂၀ ပြည့်နှစ်၊ ပထမ (၆) လအတွင်း (၅) ရာခိုင်နှုန်းမြင့်တက်နိုင်ကြောင်း၊  ကမ္ဘာလုံးဆိုင်ရာ အရန်ငွေကြေးတွင် အမေရိကန်ဒေါ်လာ (၆၂) ရာခိုင်နှုန်းနှင့် ယူရိုငွေ (၂၀) ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် တရုတ်ယွမ် ငွေမှာ ၂၀၂၀ ပြည့်နှစ်၊ မတ်လကုန်က (၂.၀၂) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ တရုတ်ယွမ်ငွေကြေး ပြည်ပဈေးကွက်မှာ ဟောင်ကောင်ဘဏ်၌ ၂၀၁၅ ခုနှစ်မှ စတင်၍ ၂၀၁၉ ခုနှစ်အထိ (၃၅.၆) ရာခိုင်နှုန်း ကျဆင်းခဲ့ရာ တရုတ်ယွမ် (၆၃၂) ဘီလီယံ (ဟောင်ကောင်‌ဒေါ်လာအနေဖြင့် ၆၉၈ ဘီလီယံ) ဖြစ်ကြောင်းနှင့် ထိုင်ဝမ်၊ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံတို့တွင်လည်း ကျဆင်းခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Frank Tang က “Call to Make Shanghai a Global Financial Hub” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင် )

Category: International News